Power P101 ကို ဆမ်ဆောင်းဘက်ထရီဆဲလ်ဖြင့်ပြုလုပ်ထားပြီး ထူးကဲမြင့်မားသော အရည်အသွေးနှင့် လုပ်ဆောင်ချက်များအသုံးပြုထားပါသည်။ အမြင့်မားဆုံးပမာဏအားဖြင့် 10400mAh ရှိပြီး charge cycle 800 အထက်အသုံးပြုနိုင်ပါတယ်။ smart ဖုန်းနှင့်တက်ဘလက်အသုံးပြုသူများအတွက် ပြည့်စုံသော P101ဖြစ်ပါတယ်။
Power P101 သည် 1A ထက်အားသွင်းမှု၂ဆပိုမိုမြန်သော 2.1Aဖြင့် ပြုလုပ်ထားပါတယ်။ ဒါအပြင် USB အပေါက်နှစ်ခုပါဝင်သော dual USB သွင်ပြင်ဖန်တီးထုတ်လုပ်ထားသောကြောင့် smart ဖုန်းနှစ်ခုလုံးကို တစ်ပြိုင်နက်အားသွင်းနိုင်မှာပါ။
Power P101 သည် လုံခြုံစိတ်ချရမှုနှင့် ကြာရှည်ခံနိုင်မှုကို အမြင့်မားဆုံးထောက်ပံ့ပေးသော OVP သတ်မှတ်ထားသောဗို့အားထက်ကျော်လွန်ခြင်း၊ UVP သတ်မှတ်ထားသော ဗို့အားထက်လျော့နည်းခြင်း၊ OCP အမ်ပီယာ(A)များပြားခြင်း၊ SCP တွဲဖက်အသုံးပြုသော device တွင်လျှပ်စီးလျှော့ဖြစ်နေပါကအားပေးသွင်းမှုမပြုခြင်းစသော အဆင့်လေးဆင့်ဖြင့်ကာကွယ်ပေးပါသည်။ Power P101 သည် FCC,CE,BSMI တို့မှထောက်ခံချက်ကိုရရှိထားပြီး Eupropean, RoHSမှ ညွှန်ကြားချက်များနှင့် အခြားသော ကမ္ဘာအသိမှတ်ပြု ဆုလက်မှတ်များရရှိထားပါတယ်။
Power P101 သည်အားသွင်းစဉ်ရိုးရှင်းပြီး တဖျတ်ဖျတ်လင်းသော Power LED အချက်ပြဒီဇိုင်းကို ဖန်တီးအသုံးပြုတည်ဆောက်ထားသောကြောင့် အသုံးပြုသူတွေသည်အားသွင်းခြင်းကို လွယ်ကူစွာ သိရှိနိုင်မှာပါ။ ဒါ့အပြင် flashing ဒီဇိုင်းက ပေါ့ပါးသော ပစ္စည်းအဖြစ်ထောက်ပံ့ပေးပါတယ်။