BS70 ဒီဇိုင်းသည် မိုဘိုင်းဖုန်းတစ်လုံးကဲ့သို့ပင် နေရာတိုင်းသို့သယ်ဆောင်နိုင်ပြီး နေရာမရွေး သီချင်းများကို နားဆင်နိုင်မှာဖြစ်ပါတယ်။ ခြံဝန်းအတွင်းသို့သယ်ဆောင်ခြင်း၊ ပျော်ပွဲစားထွက်ခြင်း ၊ ရေကူးကန်ဘေးကျင်းပသောပါတီပွဲများနှင့် လိုက်ဖက်ပြီး အကြမ်းခံနိုင်သော ဆီလီကွန်ကိုအသုံးပြုထားသောကြောင့် တောင့်တင်းခိုင်မာအကြမ်းခံနိုင်သည့်အပြင် ရေစိုမှု IPX8 အဆင့် ထောက်ခံချက် ကိုရရှိထားသောကြောင့် ပြင်ပလှုပ်ရှားမှု ပျော်ပွဲစားအတွက် သင့်လျော်စေပါတယ်။ ထို့ပြင် လွယ်ကူစွာ ကိုင်ဆောင်သယ်ယူနိုင်သောကြောင့် မတော်တဆပြုတ်ကျမှာကိုလည်း စိုးရိမ်စရာပူပန်စရာမလိုတော့ပါ။
တိတ်ဆိတ်ငြိမ်သက်မှုတွေနဲ့ အထီးကျန်သောနေ့ရက်များကိုစွန့်ခွာပြီး တေးသံများနှင့်သာယာပျော်မြူးနိုင်သည့်အချိန်ဖြစ်ပါတယ်။ Bluetooth 4.2က နေရာတိုင်းကိုသယ်ယူချိတ်ဆက်နိုင်ပြီး ၁၀မီတာအကွာအဝေးထိချိတ်ဆက်၍ သီချင်းသံစဉ်များကို ခံစားနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီသိုလှောင်မှုပမာဏမှာ 2,500mAhပါရှိသောကြောင့် ၈နာရီကြာအသုံးခံပြီး ကောင်းမွန်တဲ့လုပ်ဆောင်မှုတွေကို ပေးစွမ်းနိုင်ပါသည်။
BS70၏ အလေးချိန်မှာ ၀.၃၅ကီလိုဂရမ်သာရှိပြီး ပေါ့ပါးကျစ်လစ်သေးငယ်သောကြောင့် အိတ်ထဲသို့ လွယ်ကူစွာထည့်ယူသယ်ဆောင်ပြီး ကိုယ်နှင့်မကွာခရီးသွားရာတွင်သယ်ဆောင်နိုင်ပါသည်။ ထို့ပြင်ကုန်ကြမ်းပစ္စည်းသည်အကြမ်းခံသောဆီလီကုန်းဖြင့်ပြုလုပ်ထားသောကြောင့် တာရှည်အကြမ်းခံနိုင်ပြီး မတော်တဆလွတ်ကျမှုများအတွက်စိုးရိမ်စရာမလိုပဲ ခရီးစဉ်တွင် စိုးရိမ်မှုကင်းဝေးစွာ ယူဆောင်နိုင်သော အကောင်းဆုံးအဖော်မွန်ဖြစ်ပါသည်။
BS70 သည်ကျစ်လစ်ပေါ့ပါးသေးငယ်သောစပီကာဖြစ်သော်လည်း မျော်မှန်းထားတာထက် အခန်းကျယ်ထဲတွင် မြူးကြွသောသံစဉ်များကိုကျယ်လောင်စွာနားဆင်နိုင်မှာဖြစ်ပါတယ်။ သီချင်းသံစဉ်များနှင့် ပတ်ဝန်းကျင်ကိုဆွဲဆောင်ပြီး သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများ၊ မိသားစုနှင့်အတူ သာယာပျော်မြူးခြင်းကိုဖန်တီးပေးနိုင်မှာဖြစ်ပါသည်။