လူတိုင်းအတွက် အရည်အသွေးအပြည့်ဖြင့် ယုံကြည်စိတ်ချစွာ အားသွင်းနိုင်မှာဖြစ်ပြီး သိုလှောင်မှုပမာဏလေးမျိုးရှိသောကြောင့် မိမိနှင့်အဆင်ပြေသင့်တော်သော သိုလှောင်မှုပမာဏတစ်ခုကို ရွေးချယ်နိုင်ပါသည်။
S50သည် output ports နှစ်ခုပါရှိသောကြောင့် တစ်ချိန်ထဲတွင် devices နှစ်မျိုးကို အတူစွမ်းအင်ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး LEDအချက်ပြမီး ပါရှိသောကြောင့် အားသွင်းမှုကို ရှင်းလင်းစွာသိရှိနိုင်ပြီး ကျန်ရှိသော သိုလှောင်မှုအားကိုပါသိရှိနိုင်မှာဖြစ်ပါတယ်။
S50 သည်သတ်မှတ်ထားသောဗို့(Volt)အားထက်ကျော်လွန်ခြင်း၊ သတ်မှတ်ထားသော ဗို့(Volt) အားအောက် လျော့နည်းခြင်း၊ အမ်ပီယာ(A)များပြားခြင်း၊ တွဲဖက်အသုံးပြုသော device တွင် Shock ဖြစ်ပေါ်နေပါက အားပေးမသွင်းခြင်းစသည်ဖြင့် သင်၏ မိုဘိုင်းအား အန္တရာယ်ဖြစ်ပေါ်ခြင်းများမှကာကွယ်ပေးပါသည်။