V60 သည် ဈေးနှုန်းကို အလေးထားသော ဝယ်ယူသူများအတွက် အရည်အသွေးမြင့်မားပြီး အဆင်ပြေစေသော ကုန်ကျစရိတ်သက်သာစေသော SSD မော်ဒယ် တစ်ခုဖြစ်ပါသည်။ အဆင့်မြင့်သော SATA III 6Gb/s interface နှင့် သင့်တင့်သော ဈေးနှုန်းရှိပြီး ကုန်ကျစရိတ် သက်သက်သာသာနှင့် သင့်ရဲ့ကွန်ပျူတာစွမ်းအင်းကို မြှင့်တင်နိုင်မည့် SSD ပဲဖြစ်ပါသည်။
သင့်ရဲ့ကွန်ပျူတာ ဖွင့်လှစ်ခြင်း(သို့) application များစတင်လုပ်ဆောင်ရာတွင် အချိန်ကြန့်ကြာနေပါသလား? သင့်ရဲ့ဟာ့စ်ဒစ်အဟောင်းကို SSD နှင့် အစားထိုးထည့်သွင်းအသုံးပြုဖို့အချိန်ရောက်ပါပြီ။ SATA III 6Gps interface ဖြင့် မောင်းနှင်ပေးနိုင်သော V60 သည် သင်ရဲ့ကွန်ပျူတာစွမ်းအင်ကို မြှင့်တင်ပေးနိုင်ပြီး applications များကို စက္ကန့်ပိုင်း အတွင်းစတင်လုပ်ဆောင်နိုင်ပါသည်။
သင်ရဲ့ကွန်ပျူတာစွမ်းအင်ကို အောက်ပါ အဆင့်သုံးဆင့်ဖြင့်လွယ်ကူသက်သာစွာ မြှင့်တင်နိုင်ပါသည်။ အဆင့်(၁) ဒေတာများကို အခြားသိုလှောင်ပစ္စည်း ထဲသို့ backup လုပ်ပါ။ အဆင့်(၂) ဟာဒ်ဒစ်ကို ကွန်ပျူတာမှ ဖယ်ထုတ်လိုက်ပါ။ အဆင့်(၃) SSD ကို သင့်ရဲ့ကွန်ပျူတာထဲ ထည့်လိုက်ပါ။
မူလcontroller နှင့် NAND Flash တပ်ဆင်ထားသော V60 သည်တည်မြဲမှုနှင့် တာရှည်ခိုင်ခံ့မှုတို့ကို အာမခံ ချက်ပေးနိုင်သော SSD ဖြစ်ယုံသာမက အပြင်ဘက် ပြသမှုတွင် ၁၀စက္ကန့် အတွင်းမြှင့်တင်နိုင်ပါသည်။ တိုတောင်းသော အချိန်တွင် application loading လုပ်နိုင်ခြင်းနှင့် လျင်မြန်ဆုံးနှုန်းဖြင့် ဒေတာထွက်ရှိနိုင်ပါသည်။ ရုံးလုပ်ငန်း၊ web-surfing (သို့) ဗွီဒီယို ကြည့်ရှုခြင်းအတွက် အခက်အခဲမရှိပြုလုပ်နိုင်ပါသည်။ နှေးကွေးနောက်ကျမျုကင်းဝေးပြီး စောင့်စရာမလိုသော အတွေ့အကြုံသစ်ကို ရရှိမှာဖြစ်ပါသည်။
Bad Block Management ; BBM လုပ်ဆောင်မှုသည် NAND Flash အတွင်းရှိ bad block ဖြစ်ပွားမှုကို စစ်ဆေးဖော်ပြနိုင်ပါသည်။ ထို့ကြောင့် ဒေတာများကိုသိမ်းဆည်းရာတွင် bad block တွင်းသို့ သိမ်းဆည်းခြင်းမှ ရှောင်ကြဉ်နိုင်ပြီး လုပ်ဆောင်မှုမှားယွင်းခြင်းများကိုလည်း ကာကွယ်နိုင်ပါသည်။ထို့ပြင် အသုံးပြုစဉ်အချိန်တွင် new blocks များထဲသို့ရေးသားမှုတွင် error ဖြစ်ပေါ်ပါက ဒေတာများကို အခြားလုပ်ဆောင်နိုင်သောblocks သို့ပြောင်းရွှေ့ပေးသဖြင့် error ဖြစ်ပွားမှုကြောင့် ဒေတာပျောက်ဆုံးခြင်းများမှကာကွယ်နိုင်ပါသည်။
V60 သည်အပေါ့ပါးဆုံးနှင့် အသေးငယ်ဆုံးSSD အမျိုးအစားဖြစ်ပါသည်။ V60 သည်ရွှေ့လျားနိုင်သော အစိတ်အပိုင်း ပါဝင်ခြင်းမရှိပဲ အကြမ်းခံနိုင်ခြင်းနှင့် တုန်ခါမှုဒဏ်ခံနိုင်ပါသည်။ ထို့အပြင် S.M.A.R.T. monitoring system နှင့် ECC technology ဖြင့်တည်ဆောက်ထားသောကြောင့် သင့်၏ဒေတာများကို လုံခြုံစွာကူးပြောင်းပေးနိုင်ပါသည်။
V60 ၏ သွင်ပြင်သည် 7mm သေးသွယ်သော ဘောင်ဖြင့်ပြုလုပ်ထားသောကြောင့် 7mm SATA bays ရှိသော လက်တော့၊ ultrabooks များနှင့် အထူးသင့်လျော်ပါသည်။ ထို့အပြင် V60 သည် 9.5mm bay ရှိသော ပစ္စည်းများအတွက်လဲ 3.5” braket လွဲထက်ရှိထားပါတယ်။ အသုံးပြုသူတွေသည် ကွန်ပျူတာ၏ သတ်မှတ်အရ လိုသလို အသုံးပြုနိုင်ပါသည်။
SP ToolBox သည် SP ၏ SSDsနှင့် လုပ်ငန်းသုံး Flash ပစ္စည်းများအတွက် လုပ်ဆောင်မှုကို စစ်ဆေးနိုင်ရန်ထည့်သွင်းပေးထားသောကြောင့်ပစ္စည်း၏အချက်အလက်များကို စစ်ဆေးနိုင်ပါသည်။ ထို့အပြင် SP Toolbox software သည်ခေတ်မှီသောစနစ်သစ်များဖြင့် ပြုလုပ်ထားပြီး လွယ်ကူစွာ အသုံးပြုနိုင်သောကြောင့် ပစ္စည်း၏အခြေအနေကို ကောင်းမွန်စွာသိရှိနိုင်ပါသည်။