S57 သည်SATA III 6Gb/s interface နှင့ “SLC Cache Technology” ဖြင့်တည်ဆောက်ထားသောကြောင့် ကောင်းမွန်သော လုပ်ဆောင်မှုကိုပေးစွမ်းနိုင်ပြီး SSD ၏သက်တမ်းကို တိုးမြှင့်အသုံးခံပါသည်။ ထို့ပြင် optimized processor သည်တည်ငြိမ်မှုနှင့်အကြမ်းခံမှုတို့ကို အာမခံပါသည်။
S57 သည် လျင်မြန်သော လုပ်ဆောင်မှုဖြင့် SATA III 6GB/s ဖြင့် ကူးပြောင်းလုပ်ဆောင်ပေးနိုင်ပြီး ဒေတာကူးပြောင်းနှုန်းမှာ ဖတ်နှုန်း 560MB/s နှင့် ရေးနှုန်း 530MB/s တို့ဖြစ်ပါသည်။ ထို့ကြောင့် လျင်မြန်စွာဖြင့်application loading များနှင့် ဖိုင်များကို လျင်မြန်စွာဖြင့် လုပ်ဆောင်ပေးစွမ်းနိုင်ပါသည်။
မူလ controller နှင့် 3D NAND Flash တပ်ဆင်ထားသော S57သည် တည်မြဲမှုနှင့်တာရှည်ခံမှုတို့ကို အာမခံချက်ပေးနိုင်သော SSDဖြစ်ယုံသာမက အပြင်ဘက်ဆောင်ရွက်မှုတွေ ၁၀စက္ကန့်အတွင်းမြှင့်တင်နိုင်ပါသည်။ တိုတောင်းသော အချိန်တွင်applicationစတင်လုပ်နိုင်ခြင်းနှင့် အလျင်မြန်ဆုံးနှုန်းဖြင့် ဒေတာထွက်ရှိနိုင်ပါသည်။ ရုံးလုပ်ငန်း၊ web-surfing (သို့) ဗွီဒီယိုကြည့်ရှုခြင်းအတွက် အခက်အခဲမရှိပြုလုပ်နိုင်ပါသည်။ နှေးကွေးနောက်ကျမှု ကင်းဝေးပြီး စောင့်စရာမလိုသောအတွေ့အကြုံအသစ်ကို သင်ရရှိမှာဖြစ်ပါသည်။
Internal Auto-copy နည်းပညာသည် controller (သို့) DDR ကို အသုံးမပြုပဲ SLC cache မှ NAND အတွင်းရှိ 3D NAND Flash များထဲ့သို့ အလိုအလျောက် ကူးပြောင်းမှုလုပ်ဆောင်ပါသည်။ ထို့ပြင် controller နှင့် DRAM ဖိစီးမှုကို လျှော့ချခြင်းဖြင့် အကျိုးရှိထိရောက်သော လုပ်ဆောင်မှုကို ပေးစွမ်းနိုင်ပါသည်။
Bad Block Management ; BBM လုပ်ဆောင်မှုသည် NAND Flash အတွင်းရှိ bad block ဖြစ်ပွားမှုကို စစ်ဆေးဖော်ပြနိုင်ပါသည်။ ထို့ကြောင့် ဒေတာများကိုသိမ်းဆည်းရာတွင် bad block တွင်းသို့ သိမ်းဆည်းခြင်းမှ ရှောင်ကြဉ်နိုင်ပြီး လုပ်ဆောင်မှုမှားယွင်းခြင်းများကိုလည်း ကာကွယ်နိုင်ပါသည်။ထို့ပြင် အသုံးပြုစဉ်အချိန်တွင် new blocks များထဲသို့ရေးသားမှုတွင် error ဖြစ်ပေါ်ပါက ဒေတာများကို အခြားလုပ်ဆောင်နိုင်သောblocks သို့ပြောင်းရွှေ့ပေးသဖြင့် error ဖြစ်ပွားမှုကြောင့် ဒေတာပျောက်ဆုံးခြင်းများမှကာကွယ်နိုင်ပါသည်။
S57 သည်အပေါ့ပါးဆုံးနှင့် အသေးငယ်ဆုံးSSD အမျိုးအစားဖြစ်ပါသည်။ S57သည်ရွှေ့လျားနိုင်သော အစိတ်အပိုင်း ပါဝင်ခြင်းမရှိပဲ အကြမ်းခံနိုင်ခြင်းနှင့် တုန်ခါမှုဒဏ်ခံနိုင်ပါသည်။ ထို့အပြင် S.M.A.R.T. monitoring system နှင့် ECC technology ဖြင့်တည်ဆောက်ထားသောကြောင့် သင့်၏ဒေတာများကို လုံခြုံစွာကူးပြောင်းပေးနိုင်ပါသည်။
SP ToolBox သည် SP ၏ SSDsနှင့် လုပ်ငန်းသုံး Flash ပစ္စည်းများအတွက် လုပ်ဆောင်မှုကို စစ်ဆေးနိုင်ရန်ထည့်သွင်းပေးထားသောကြောင့်ပစ္စည်း၏အချက်အလက်များကို စစ်ဆေးနိုင်ပါသည်။ ထို့အပြင် SP Toolbox software သည်ခေတ်မှီသောစနစ်သစ်များဖြင့် ပြုလုပ်ထားပြီး လွယ်ကူစွာ အသုံးပြုနိုင်သောကြောင့် ပစ္စည်း၏အခြေအနေကို ကောင်းမွန်စွာသိရှိနိုင်ပါသည်။